ဟိုပန် ဧပြီ ၁၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပြီး ရေကစားမဏ္ဍများတွင် ရေပက်ကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ တေးဂီတနှင့်ယိမ်းအကများကို ဖျော်ဖြေတင်ဆက်ပေးလျက်ရှိသည်။
ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ည၈ နာရီတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းရှိ ဗဟိုမဏ္ဍပ်၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတအစီအစဉ်များ ဖျော်ဖြေတင်ဆက်မှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ် ဆောင်ဝေဠုကျော်နှင့်မင်းသမီးရေကြည်ချမ်းမြ၊ The Voice Myanmar, X Factor, Melody World မှ တေးသံရှင်များက အလှည့်ကျသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)