လောက်ကိုင်မြို့၌ အတာသင်္ကြန်ပွဲတော် အကျနေ့မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် စည်ကား သိုက်မြိုက်စွာ ရေဆော့ကစား

လောက်ကိုင် ဧပြီ ၁၄ ရက်

နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်ကူးပြောင်းသော မြန်မာတိုင်းရင်းသားတို့၏ နှစ်သစ်ကူးမြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ မြို့နယ်စီမံအုမ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ လောက်ကိုင်မြို့ တုန်ချိန်မြန်မ့ာရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်လှစ် ရေစကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဥ်မျာအား ကြည့်ရူကြသူများဖြင့် အေးချမ်းစွာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲလျက်ရှိကြောင်းသိရသည်။

ညိုညိုဝင်း(လောက်ကိုင်)