မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန် အကြတ်နေ့ လူဦးရေ(၅၀၀၀)နီးပါးဖြင့် စည်ကားလျက်ရှိ

မဟာအောင်မြေ  ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန် လူဦးရေအများဆုံး မဏ္ဍပ်တစ်ခုအပါဝင်အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိ ကြောင်းသိရသည်။

မန္တလေးမြို့ရဲ့ မင်္ဂလာမန္တလေးမဟာနှစ်သစ်ကူး မြန်မာ့ရိုးရားလမ်း‌လျှောက်သင်္ကြန် လာ‌ရောက်ရေကစားကြသော အများပြည်သူများအား စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ကစားနိုင်စေရန် ထမင်းဗူးများ၊ စားသောက်ဖွယ်ရာများ၊ ချို‌ရေဗူးများ၊ မုန့်လက်‌ဆောင်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဆင်အလှများနှင့် လမ်းလျှောက်သင်္ကြန် လာရောက်ကြသော အများပြည်သူများ နေ့စဉ်သာယာလှပ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရေကစားနိုင်‌စေရန်ချစ်စရာ သနပ်ခါးသင်္ကြန်အဖြစ် လည်းတမူထူးခြားစွာ လိမ်းချယ်နိုင်ပြီး ရာသီဉတုအပူဒဏ် ခံနိုင်စေရန်အတွက်လည်း အမိုးကာများဖြင့် သင်္ကြန်အကြိုနေ့မှ အကျနေ့၊ အကြတ်နေ့ အတက်နေ့အထိ‌ အေးချမ်းပျော်ရွှင်စွာ ကျင်းပပေးသွားမည် ဖြစ်ကြောင်း ရေကစားမဏ္ဍပ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း

ကလောင်အမည်(ရွှေတိုး)