ပေါက်တောမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိ

ပေါက်တော ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ယူသူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။

အဆိုပါ မဟာသင်္ကြန်အကြတ်နေ့တွင် ပေါက်တောမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့နယ်အတွင်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းလောင်း၊ ဆွမ်းကပ်ကုသိုလ်ပြုခြင်း၊ ဥပုသ်သီလဆောက်တည်များကို ဆွမ်းကျွေးလှူဒါန်းခြင်း၊ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်ဇရပ်များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘဝနာ အားထုတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ စသောအလှူဒါနကုသိုလ် ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)