မာန်အောင် ဧပြီ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိကျောင်းများဖြစ်ကြသောမြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိရာ မြို့မဘုန်းတော်ကြီးကျောင်းနှင့်မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်သည်။
မဟာသင်္ကြန်သည် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းကာလဖြစ်ပြီး ပြည်သူများနှစ်သစ်တွင် အောင်မြင်မှုများရရှိစေရန် ကုသိုလ်ကောင်းမှုများကို ဘုရား၊ စေတီ၊ ပုထိုးများတွင် ပြုလုပ်လေ့ရှိရာရန် အောင်မြင်ရပ်ကွက်ရှိ ရန်အောင်မြင်စေတီ၊ ဓာတ်တော်စေတီ၊မြို့မရပ်ကွက်ရှိ မဟာထီးဘုရားနှင့်အနောက်စု ရပ်ကွက်ရှိ လေးဆူမြတ်ရှင် သီရိကျက်သရေ မာရ်အောင်မြင်စေတီတော်များတွင် တရားဘာဝနာပွားများ ခြင်း၊ ပန်း၊ ရေ၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဥပုသ်သည်များအား ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကားလျက်သည်။
အလားတူ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊စေတီ၊ ပုထိုးတို့တွင်လည်း ဥပုသ်သီလဆောက်တည်သူများ၊အလှူဒါနပြုလုပ်သူများနှင့် အထူးစည်းကားလျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)