ဂွမြို့နယ်တွင် သင်္ကြန်အကြတ်နေ့၌ ရေကစားမဏ္ဍပ်နှင့် ကမ်းသာယာကမ်းခြေတွင် ရေကစားသူများဖြင့် စည်ကား

ဂွ ဧပြီလ ၁၅

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်၊   ဂွမြို့နယ်ရှိ ရေကစားမဏ္ဍပ်နှင့် ကမ်းသာယာကမ်းခြေတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြသည်။

ဂွမြို့နယ်တွင် အပန်းဖြေကမ်းခြေဖြစ်သည့် ကမ်းသာယာကမ်းခြေသည် သင်္ကြန်ကာလ၌ ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများဖြင့် ရေကစားအပန်းဖြေ စည်ကားလျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေရေးအကအစီအစဉ်များ၊ စတုဒိသာကျွေးမွေးခြင်းများပါဝင်ပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစား အပန်းဖြေနိုင်စေရေးအတွက် စီစဥ်ဆောင်ရွက်ထားကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်