မင်္ဂလာဒုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ရွှေဝါဖူးမဏ္ဍပ်၌ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစား

မင်္ဂလာဒုံ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့)ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပုလဲ(၃)ရပ်ကွက်၊ အမှတ်(၃)လမ်းရှိရွှေဝါဖူးမဏ္ဍပ်၌ ပြည်သူများပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်(အကြတ်နေ့)တွင် မင်္ဂလာဒုံခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ရွှေဝါဖူးရေကစားမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များကပြဖျော်ဖြေနေမှုများနှင့်​တေးသံရှင်များသီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဆုတော်ငွေများချီးမြှင့်ပေးလျက်ရှိသည်။ သင်္ကြန်ချစ်သူပြည်သူများကလည်း ပျော်ရွှင်စွာလာရောက်ရေကစားလျက်ရှိသည်။

ထို့အပြင် မြို့နယ်အတွင်းလမ်းများ၌လည်း ရေပတ်သူများနှင့် ရေပတ်ခံထွက်ကြသူများ အေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်တွင်ပါဝင်ဆင်နွှဲလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းတိုက်များတွင်လည်း ဥပုသ်သီလဆောက်တည်၍ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများရှိကြောင်း သိရသည်။

​မြတ်သူဇာ (မင်္ဂလာဒုံ)