ဟိုပုံး ဧပြီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ သင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၊ ဗဟိုမဏ္ဍပ်တွင် စတုဒီသာမဏ္ဍပ်များဖြင့် ရေပက်ခံလည်ပတ်သူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
ဟိုပုံးမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ကာလ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ကြပြီးမဏ္ဍပ်ကြီးတွင် ယိမ်းအကအလှများ၊ အဆိုတော်များ၊ ဒီဂျေများဖြင့် ရေကစားသူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးပြီးနောက် ယိမ်းအကအလှများ၊ အဆိုတော်များအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)