ရန်ကုန် ဧပြီ ၁၅
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဧပြီ ၁၄ရက်(ယနေ့-သင်္ကြန်အကျနေ့)နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင် များ၏ဖျော်ဖြေတင်ဆက်နေမှုများကိုကြည့်ရှု့အားပေးပြီး မဟာဗန္ဓုလပန်းခြံလမ်းရှိကျင်းပလျက်ရှိသည့် လမ်းလျှောက်သင်္ကြန်တွင်ပါဝင်ဆင်နွှဲခဲ့သည်။
ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင်မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းပေါ်အထိ မုခ်ဦးများနှင့်ရေပန်းများ တပ်ဆင်ထားကာ ဖျော်ဖြေရေးစင်မြင့်များဖြင့်လည်း ဖျော်ဖြေလျက်ရှိပြီး အများပြည်သူများကလည်း စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စွာရေကစား လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)