ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ကို ဗဟိုမဏ္ဍပ်၌ ပျော်ရွှင်စွာဆင်နွဲ

ဗန်းမော် ဧပြီ ၁၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကျနေ့)ကို ဧပြီ ၁၄ ရက်နေ့ မွန်းတည့်(၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆင်နွဲရာတွင်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ယိမ်းအဖွဲ့များက ယိမ်းအက အလှများ၊ တေးသီချင်းများ အပြင် DJ အတီးအကအလှများဖြင့် ကပြဖျော်ဖြေခြင်းနှင့် မဟာသင်္ကြန် အတာရေကစားခြင်း၊စတုဒီတာများ ဧည့်ခံကျွေးမွေးခြင်းကို ကျင်းပလျက်ရှိရာ ဒေသခံပြည်သူများက ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ဆင်နွဲကြကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)