လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကျနေ့၌ လှိုင်ပိတောက်မေသင်္ကြန်မဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိ

လှိုင်သာယာ(အရှေ့ပိုင်း)  ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃ ခုနှစ်)၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် အတာသင်္ကြန်ပွဲတော် အကျနေ့ကို  ၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက် ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ရှိရေကစား မဏ္ဍပ်များတွင် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ကပြဖျော်ဖြေသော ယိမ်းအဖွဲ့များ၊ တေးသံရှင်များနှင့် အမျိုးသားယိမ်းအက အဖွဲ့များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ(၁၄)အုပ်စုတို့မှ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ တပင်တိုင်အကအလှများ၊ တေးဂီတနှင့် စီဒီသီချင်းများ သီဆိုခြင်းများဖြင့် အတာသင်္ကြန်ပွဲတော်ကျင်းပလျက်ရှိပြီး ရေကစားရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စတုဒီသာများ ကျွေးမွေးဧည့်ခံကြပြီး ရေပက်ခံအဖွဲ့များက သုံးဘီးဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အသီးသီးရှိ စတုဒီသာများ၊ မုန့်လုံးရေပေါ်များ ဝင်ရောက်စားသောက်ကြပြီး ရေပက်ခံထွက်ကာပြည်သူများအား လှိုင်သာယာ(အရှေ့ပိုင်း)  မြို့နယ်ဗဟိုမဏ္ဍပ်ယိမ်းအကအလှများ ကြည့်ရှု့လျက်ရှိပြီး စည်ကားသိုက်မြိုက်ကာ ပျော်ရွင်စွာရေကစားနေကြောင်း သိရှိရသည်။

ခင်ဝင်းမူ(ပြန်/ဆက် )