ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်၊ မြန်မ့ာရိုးရာယဥ်ကျေး မှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ ပြည်သူများအေး ချမ်းပျော်ရွှင်စွာရေကစား

ဒဂုံတောင် ဧပြီ ၁၄

မြန့်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာနှစ်သစ်မှစတင်ကာ အေးချမ်းမှုကိုရရှိစေရန်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင်ထိန်းသိမ်းရန်နှင့် ပြည်သူများတစ်နှစ်ပတ်လုံး အေးချမ်း‌ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော် ယနေ့သင်္ကြန်အကျ‌နေ့ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ဖွင့်လှစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကို နံနက်၈နာရီမှ ၁၂ နာရီထိနှင့်ညနေ ၃ နာရီမှ ၅ နာရီထိ ဖွင့်လှစ်ပေးထားရာ ယိမ်းပျိုဖြူလေးများက အကအလှများဖြင့်‌ ဖျော်ဖြေကြပြီး ခေတ်ပေါ်တေးဂီတအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေပေးကြကြောင်းနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းက ပြည်သူများလုံခြုံရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သန်းသန်းအေး