မြစ်သား ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ရှေ့တွင်အကျနေ့၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက် ရှိကြသည်။
မြစ်သားမြို့နယ်ရှိ ဒေသခံပြည်သူများ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကာလအတွင်း မြစ်သားမြို့ ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်အဖွဲ့များနှင့်အတူမြို့ခံ ဝါသနာရှင်လူငယ်များက သင်္ကြန်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ ရေကစားမဏ္ဍပ်များတွင် ရေကစားကြခြင်း၊ ရှေးထုံးစဥ်လာစတုဒိသာများကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် မုန့်များဖြစ်သော မုန့်လုံးရေပေါ်များ၊ မုန့်လက်ဆောင်များ၊ ကြာဇံဟင်းခါးများ ကျွေးမွေးခြင်း ဖြင့်စည်ကားလျက်ရှိသည်။ ထို့အတူ မြစ်သားမြို့ရှိ စမာတူးမြောင်းတွင်လည်း ပြည်သူများလာရောက် အပန်ဖြေရေဆော့ကစားလျက်ရှိရာ စမာတူးမြောင်းသည်ရေကစားရာတွင် ရေတိမ်ခြင်း၊ ရေစီးမသန်ခြင်း၊ အန္တရာယ်မရှိခြင်းတို့ကြောင်း အပန်ဖြေသူများ အထူးစည်ကားလျက်ရှိကြောင်းသည်။
ဝင်းမင်းထွန်း(မြစ်သား)