လားရှိုး ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ကို ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရိ၀ုဏ်၊ ဆင်းရွှေလီကဇာတ်ရုံရှိဗဟိုမဏ္ဍပ်တွင် ယမန်နေ့နံနက် ၈ နာရီမှစ၍ ကျင်းပလျက်ရှိရာ ယိမ်းအဖွဲ့များ၏ မြန်မာ့ရိုးရာအကအလှများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် ယိမ်းအကဖြင့်ဝင်ရောက်ယှဉ်ပြိုင်သည့်အဖွဲ့(၂၆)ဖွဲ့ရှိပြီး ယနေ့တွင်(၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ပြင်နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် သရုပ်ဆောင်မိုးအောင်ရင်နှင့်ရွှေရူပါဦးတို့က သီချင်းများနှင့် ဒီဂျေ(DJ)သံစဉ်တို့ဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေနေမှုများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြပြီး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်