မုဒုံမြို့နယ်၌ မဟာသင်္ကြန်အကျနေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားသူများဖြင့်စည်ကား

မုဒုံ     ဧပြီ     ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် မဟာသင်္ကြန်အကျနေ့တွင် ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားကြသည်။
မုဒုံမြို့နယ် ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ၊အဆိုဝါသနာရှင်များက ဖျော်ဖြေ၍ ပြည်သူများက လာရောက်ပါဝင်ဆင်နွှဲ ရေကစားခဲ့ကြပြီး မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ မဏ္ဍပ်ငယ်များတွင် မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း စတုဒီတာများဧည့်ခံကျွေးမွေးလျက်ရှိရာ ဒေသခံများနှင့် ရေပက်ခံပြည်သူများက နှစ်စဥ်ရိုးရာမပျက် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။

မုဒုံမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများစိတ်အေးချမ်းသာပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့အစည်းများ ဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)