ပြင်ဦးလွင်မြို့ရှိ   မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ စည်ကား

ပြင်ဉီးလွင် ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရပ်ကွက်ကြီး(၆)၊ အမျိုးသားကန်တော်ကြီးဉယျာဉ်အနီး၌ ရေသဘင်မဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် ထည့်သွင်းကျင်းပလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ခရီးသွားပြည်သူများနှင့်ဒေသခံပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

ပြင်ဉီးလွင်မြို့သည် မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်ဖြစ်သည့်နှင့်အညီ ရာသီမရွေး ဘုရားဖူးပြည်သူများနှင့် လေ့လာရေးခရီးသွားများ အမြဲလိုလိုလာရောက်လည်ပတ်လျက်ရှိရာ ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ထည့်သွင်းကျင်းပရာ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးထားသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် အင်တိုက်အားတိုက် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရေကစားလျက်ရှိကြောင်း သိရသည် ။

ခရိုင် ( ပြန်/ဆက် )