ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ရေကစားသူများဖြင့်စည်ကား

ရမည်းသင်း ဧပြီ ၁၅

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းအနီး ဗိုလ်ချုပ်ကြေးရုပ်မြောက်ဘက်တွင် ဗဟိုမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်တို့တွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

ရှေးဦးစွာ ပညာရေးယိမ်းအဖွဲ့နှင့် မြို့နယ်စည်သာရေးအဖွဲ့ယိမ်းအကအဖွဲ့တို့မှ ယိမ်းအကယှဉ်ပြိုင်ခဲ့‌ကြပြီး တေးသံရှင်ရွှေစင်ရုပ်လွှာနှင့်ရမည်းသင်းမြို့ ဂီတအစည်းအရုံးတို့မှသီဆိုဖျော်ခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် ဗဟိုမဏ္ဍပ်၌ယိမ်းအကအဖွဲ့(၁၃)ဖွဲ့မှ နေ့စဉ်ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်းနှင့် အဆိုတော်များဖြင့်ဧည့်ခံသီဆိုဖျော်ခြင်းတို့ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)