မော်လမြိုင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ဖျော်ဖြေတင်ဆက်မှုနှင့် ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာပွဲတော်ဆင်နွှဲ 

မော်လမြိုင် ဧပြီ ၁၅

၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပွဲကို မွန်ပြည်နယ်မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ဧပြီလ ၁၄ ရက် မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၌ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အခြားသောမဏ္ဍပ်များတွင် ဖျော်ဖြေရေးယိမ်းများ၊ ခေတ်ပေါ်တေးဂီတအဆိုများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ပြည်သူများအား စတုဒိသာမဏ္ဍပ်အသီးသီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်