ညောင်ဦးမြို့ ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေနေသည့် ယိမ်းအဖွဲ့များအား ပြည်ပနိုင်ငံသားများ စိတ်ဝင်တစားကြည့်ရှု

ညောင်ဦး  ဧပြီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗဟိုမဏ္ဍပ်၌ကပြဖျော်ဖြေနေသည့် သင်္ကြန်ယိမ်းအဖွဲ့များကို ဒေသခံများသာမက ပြည်ပဧည့်သည်များပါ ကြည့်ရှု၍စိတ်ဝင်စားမှုမြင့်တက်နေကြောင်းသိရသည်။

ညောင်ဦးမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရွှေစည်းခုံဘုရား အနီး၊ ရှမ်းကုန်းရပ်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဆောက်ပြီး ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေလျက်ရှိရာ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲနေ့နှင့်သင်္ကြန်အကျနေ့တို့တွင် ပြည်ပနိုင်ငံသားများ စိတ်ဝင်တစားကြည့်ရှု၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းဗွီဒီ ယိုရိုက်ကူးခြင်းနှင့်ယိမ်းအဖွဲ့များနှင့် လိုက်လံကကြခြင်းများဖြင့်စိတ်ဝင်စားနေကြကြောင်း ညောင်ဦးမြို့ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့(၁၄)ဖွဲ့၊ တပင်တိုင်အကများ၊ ပုဂံမူလတန်းကြိုကျောင်း ကလေးယိမ်းအဖွဲ့တို့ဖြင့် နေ့စဉ်ကပြဖျော်ဖြေလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြား၍သိရသည်။

ဒီပါလင်း