ညောင်ဦး ဧပြီ ၁၅
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်တွင်းရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလာရောက်သူနှစ်သိန်းကျော်ထိလာရောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစားလေ့လာမှုများပြားလာခဲ့ကြောင်းသိရပြီး သင်္ကြန်အကျနေ့(ယနေ့)တွင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော်လာရောက်ဖူးမြှော်လျက်ရှိကြောင်း ခရီးသွားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြှော်နိုင်ရေး ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဒေသခံများကလည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့်လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသွားဘုရားဖူးဧည့်သည်အဝင်များလျက်ရှိပြီး အီးဗိုက်၊ မြင်းလှည်၊ တုတ်တုတ်(ခေါ်)မီနီအိုးဝေများ၊ တိုးကားများအငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။
ဒီပါလင်း