ဒလ ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့) ဧပြီလ ၁၄ ရက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဒလမြို့နယ်၏ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအလှများဖြင် ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ Dj တေးဂီတများဖြင့် ဖျော်ဖြေမှုများကို လူငယ်လူရွယ်များ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆင်နွဲရာတွင် ဒလမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်မှူးရဲမှူးစိုးဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များမှ အားပေးကြည့်ရှုခဲ့ကြပြီး လာရောက်ကပြဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များအား ဆုတော်ငွေများချီးမြှင့်ခဲ့ကြသည်။
ဒလမြို့နယ် ရေကစားမဏ္ဍပ်တွင် လာရောက်ပါဝင်ဆင်နွှဲသူများအား တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင် မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာဧည့်ခံကျွေးမွေးလျက်ရှိပြီး အဆိုပါရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် နံနက် ၈ နာရီမှ ၁၂ နာရီထိ တစ်ကြိမ် ညနေ ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် လာရောက်ရေကစားနိုင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)