ပန်လုံမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်လုံ ဧပြီ ၁၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီ ခွဲအချိန်က ပန်လုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဝိဟန်ပန်(ယွန်း)ကျောင်း ပရဝုဏ်အတွင်း ပြုလုပ်ရာ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူးနှင့် မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ယိမ်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထိုနောက် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးနုတ်ခွန်းဆက်စကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် “ဝ”ယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နှင့် ယိမ်းအဖွဲ့များက ကပြဖျော်တင်ဆက်ကြရာ တာဝန်ရှိပုဂ္ဂိုလ်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပန်လုံမြို့တွင် သင်္ကြန်ပွဲတော်ကို အကြိုနေ့မှ အတက်နေ့အထိ နေ့လည်ပိုင်းတွင် စတုဒိသာများကျွေးမွေးခြင်း၊ ရေပက်ကစားခြင်း၊ ညပိုင်းတွင် ရိုးရာယဉ်ကျေးမှုအကများ၊ ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်လုံ(ပြန်/ဆက်)