တနိုင်း ဧပြီ ၁၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီက မြို့နယ်စည်ပင်သာယာဈေးရှေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းကဖွင့်လှစ်ပေးပြီး မဟာသင်္ကြန်ပွဲတော်သို့ ကြွရောက်လာသည့် တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံးမှ မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပျော်ရွှင်စွာ အတူကပြဆင်နွှဲပေးကြပြီး အကြီးအကဲများမှ သင်္ကြန်အတာရေအေးဖြင့် ပက်ဖြန်းပေးကြကြောင်းသိရသည်။
မနောမြေ(တနိုင်း)