သပိတ်ကျင်း ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက သပိတ်ကျင်းမြို့ ကဘဲ့ရပ်ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာဖြင့် အေးချမ့်းပျော်ရွှင်စွာ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က "နှစ်သစ်မင်္ဂလာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်တွင်ပါမလာအောင် တစ်ဦးကိုတစ်ဦး အတာရေဖြင့် ပက်ဖျန်းဆေးကြော သန့်စင်ကာ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် မိမိတို့၏တစ်နေ့တာ လုပ်ငန်းများကို ပျော်ရွင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း" နှစ်သစ်မင်္ဂလာအဖွင့်စုတောင်းအမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များက ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုနောက် ယိမ်းအဖွဲ့များက "သင်္ကြန်မိုး " သီချင်းဖြင့်ကပြဖျော်ဖြေကြရာ တာဝန်ရှိသူများက အတာရေ အေးပက်ဖြန်း၍ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဂီတအစည်းအရုံးဥက္ကဌနှင့် အစည်းရာံးဝင်များ၊ ယိမ်းအဖွဲ့ဝင်များ၊ ဖျော်ဖြေရေးအဖွဲ့များ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့နယ်(ပြန်/ဆက်)