သံတွဲမြို့တွင် မဟာသင်္ကြန်အကျနေ့၌ ရေကစားသူများဖြင့်အထူးစည်ကား

သံတွဲ ဧပြီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာရေကစားးမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

အဆိုပါမဟာသင်္ကြန်အကျနေ့တွင် အနယ်နယ်၊ အရပ်ရပ်မှလာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစားအပန်းဖြေ အနားယူသူများပိုမိုများပြားကာ အေးချမ်းသာယာစွာဖြင့် အထူးစည်ကားလျက်ရှိသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)