ကျောက်ဆည် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၈)နာရီကစတင်ပြီး ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ရှိဗဟိုမဏ္ဍပ်နှင့် ပုဂ္ဂလိကရေပက်ခုံများတွင် မဟာသင်္ကြန်အကြနေ့၌ ရေကစားသူများနှင့် ပျော်ရွှင်စည်ကားလျက်ရှိကြောင်း သိရသည်။
ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေး ဗဟိုမဏ္ဍပ်တွင် ဧည့်ဖျော်ဖြေရေးအကအဖွဲ့နှင့် ခေတ်ပေါ်တေးဂီတအဖွဲ့များက နံနက်ပိုင်းမှစတင်ကာ ဧည့်ခံသီဆိုကပြဖျော်လျက်ရှိကြောင်း ပုဂ္ဂလိကရေပက်ခုံများတွင်လည်း မြူးကြွသည့် ခေတ်ပေါ်တေးသီချင်းများဖြင့် ရေပက်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြည်သူများ ပျော်ရွှင်စည်ကားစွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မဟာသင်္ကြန်ရေသဘင်ပွဲတော်စည်ကားစေရေး အလျား(၆၀)ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၄)ပေရှိသည့် ဗဟိုရေကစားမဏ္ဍပ်အပြင် ပြည်သူများ လွတ်လပ်ပျော်ရွင်စွာ ရေကစားခြင်းများ ပြုလုပ်နိုင်ရန်အတွက် အရှည်(၅၀၀)ပေ၊ အကျယ်(၁၂)ပေ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်(၁)ခု၊ အလျား(၄၀)ပေ၊ အနံ(၂၀)ပေ ပုဂ္ဂလိကရေပက်ကစားခံ(၅)ခု သီးခြားဆောက်လုပ်ထားကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)