နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

ပုဗ္ဗသီရိ  ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်တို့သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍  ပုဗ္ဗသီရိ​မြို့နယ် နေပြည်တော် ဘူတာကြီးဝင်းအတွင်းရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိသားစုရေသဘင်မဏ္ဍပ်၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွဲနေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ရေသဘင်မဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများနှင့် အတူဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွဲနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွဲကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းနှင့် ဝန်ထမ်းမိသား စုများအား အတာရေများပက်ဖျန်းပေးကြပြီး သီဆိုကပြ ဖျော်ဖြေကြသည့် သင်္ကြန်ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)