ကျောက်တန်း ဧပြီ ၁၄
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေကစားသူပြည်သူများ၊ ယိမ်းအက ဖျော်ဖြေသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်တွင် ကျောက်တန်းမြို့နယ်အတွင်းမှ ယိမ်းလှပျိုဖြူယိမ်းအဖွဲ့များကလာရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။ထို့အပြင် ရေကစားသူ ပြည်သူများအား စတုဒိသာများ ကျွေးမွေးသွားမည်ဖြစ်သည်။ ကျောက်တန်းမြို့နယ် ရေကစားမဏ္ဍပ်တွင် ပြည်သူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ရေပတ်ဆော့ကစားနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထောက်အကူပြုအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)