မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မြောက်ဥက္ကလာပ ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဥက္ကလာသီရီပန်းခြံရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်၏  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား အမှတ်(၃)နည်းဗျူဟာ ဗိုလ်မှူးကြီး ကျော်နိုင်ဉီး၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၃) နည်းဗျူဟာ ဗိုလ်မှူးကြီး ကျော်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထိုနောက် ယိမ်းအဖွဲ့ဝင်များမှ" မြူမှောင်ဝေကင်း" သီချင်းဖြင့် ကပြဖျော်ဖြေခြင်းခဲ့ကြပြီး ကြွရောက်လာသောဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့ဝင်များမှ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ရေပတ်ခံပြည်သူများအား စတုဒီသာများဖြင့် ကျွေးမွေးခဲ့ကြောင်းသိရခဲ့သည်။

ဆက်လက်၍ ရေပတ်ခံပြည်သူများအား တေးသံရှင်များ၊ ယိမ်းအဖွဲ့များက သီဆိုဖျော်ဖြေခဲ့ကြပြီး မြန်မာသက္ကရာဇ် ၁၃၈၄ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် အကြိုနေမှ အတတ်နေ့အထိ ဌာနဆိုင်ရာများမှ စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)