ပြည်သူ့ရင်ပြင်တွင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ROYAL  APEX ဗဟိုမဏ္ဌပ်ဖွင့်ပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ် သစ်ကူးလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ROYAL APEX ဗဟိုမဏ္ဌပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အဆိုတော် သန်းမြတ်စိုး သီဆိုသည့် မြူမှောင်ဝေကင်း သီချင်းဖြင့်ယိမ်းအဖွဲ့များက စတင်ကပြဖျော် ဖြေခဲ့ကြသည်။

ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိ ပြီးရေကစားမဏ္ဍပ် ၁၂ ခု၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာမဏ္ဍပ်များနှင့် ရေကစားရင်း အလွယ်တကူ ဝယ်ယူစား သုံးနိုင်ရန် ဈေးဆိုင်ခန်းများ စီမံပေးထားကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်တွင် ရောင်စုံထီးများဖြင့် အလှဆင်ထားသည့် အပြင်မြန်မာ့ ရိုးရာထန်း လက်တဲများ အတွင်း အနားယူအပန်းဖြေနိုင်ရန် အတွက်လည်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီမှ စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။

သင်္ကြန်ပွဲတော်ရက်များအတွင်း နေ့စဥ်နံနက် ၉ နာရီမှည ၁၀နာရီထိ ရေပက်မဏ္ဍပ်များတွင် ရေကစားခြင်းများအပြင် ဖျော်ဖြေရေး အစီအစဥ်များနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်၍ သင်္ကြန် မုန့်မျိုးစုံ၊ သစ်သီးဖျော် ရည်၊အအေး စတုဒီသာစသည့်ကျွေးမွေးမှု အစီအစဥ်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

 မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပိုမိုထူးခြားကောင်းမွန်သည့် အမြင်သစ်၊ အတွေး သစ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေပက် ကစားနိုင်ရန်စီစဥ် ထားရှိကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)