ရွာငံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အား ယိမ်းအဖွဲ့များဖြင့် စတင်ဖွင့်လှစ်

ရွာငံ ဧပြီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များနှင့် သင်္ကြန်ပြည်သူများ တက်ရောက်၍ မြန်မာသက္ကရာဇ် ၁၃၈၄ -ခုနှစ် ၊ နှောင်းတန်ခူးလပြည့်ကျော် ၉ ရက် ၊သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက မဟာသင်္ကြန်မဏ္ဍပ်၌  ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ မဟာသင်္ကြန်မဏ္ဍာပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်း၊ အတွင်းရေးမှူးရဲမှူး‌ ကျော်ဦးတို့က မဟာသင်္ကြန်မဏ္ဍာပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော်အားယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့်ကပြဖျော်ဖြေကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယိမ်းအဖွဲ့များနှင့်ဧည့်ပရိတ်သတ်များအား အတာရေစင်ပတ်ဖြန်းကာ လမ်း‌လျောက် သင်္ကြန်ပွဲတော်ကိုပျော်ပျော်ပါးပါး ရေကစားခဲ့ကြသည်။ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့များတွင်လည်း ယိမ်းအဖွဲ့များက ကပြယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာအကများ၊ ဝါသနာရှင် အဆို၊ အကများ၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန် / ဆက်)