မိုင်းပန် ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကို အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မဏ္ဍပ်တွင်လည်းကောင်း မြို့တွင်းမဏ္ဍပ်တွင် လည်းကောင်း ယမန်နေ့ညနေ ၃ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးရဲကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့ကြီးမှူးကျင်းပရာ အဆိုပါမဏ္ဍပ်များတွင်ပွဲတော်သို့ ရေလာရောက်ကစားသူများအား စတုဒီသာများ ဧည့်ခံကျွေးမွေးခဲ့ကြပြီး အကများဖြင့် ဖျော်ဖြေကပြခဲ့ရာ ပွဲတော်သို့ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)