မန္တလေးမြို့ သင်္ကြန်အကျနေ့ ကျုံးပတ်လည် သင်္ကြန်မဏ္ဍပ်များတွင် စတုဒီသာကျွေး မွေးသူများဖြင့်စည်ကား

မန္တလေး ဧပြီ ၁၄

မန္တလေးမြို့သင်္ကြန်အကျနေ့တွင် ကျုံးဘေးတစ်လျောက်သင်္ကြန်မဏ္ဍပ်များကို နံနက်(၉)နာရီမှ စတင်၍ အကအလှများဖြင့် ဖျော်ဖြေကြပြီး သင်္ကြန်မဏ္ဍပ်များသို့လာရောက်သူများသို့ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးကြောင်းသိရသည်။

အကျနေ့တွင်ကျုံးပတ်လည်မဏ္ဍပ်များတွင် ဧည့်ခံဖျော်ဖြေသောလှပျိုဖြူများနှင့်အတူ လိုက်ပါကပြခြင်း၊ ‌ရေကစားခြင်း၊ စတုဒီသာများကို ဝင်ရောက်စားသုံးနိုင်ခြင်းများ အဆင်ပြေ အောင်ဆောင်ရွက်ပေးထားပါသည်။

ကျုံးပတ်လည်ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များကို ယှဉ်တွဲထားရာ အကျနေ့တွင် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ကျောက်ကျော်နှင့် သစ်သီးဖျော်ရည်များကို ဧည့်ခံကျွေး မွေးလျက်ကြောင်းသိရသည်။

ဒေါ်မြင့်မြင့်သန်း