ဥတ္တရသီရိ ဧပြီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၌ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် ယမန်နေ့ နံနက် ၈နာရီက သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသက်ကြီးပူဇော်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးပြည့်ဖြိုးမင်းက ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီး အသက် ၈၀ နှစ်အထက် အဘိုး၊ အဘွား စုစုပေါင်း ၁၂၇ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ တောင်ညိုကျေးရွာမှ လူငယ်၊ မောင်မယ်များနှင့် ကျေးရွာအတွင်းရှိ အလှူရှင်တို့၏ စုပေါင်းလှူဒါန်းငွေများဖြင့် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၈၀၀၀နှင့် လှူဖွယ်ပစ္စည်းများကို စုပေါင်းလှူဒါန်းကြရာ အဘိုးဦးကုလားလေးနှင့် အဘွားဒေါ်မြကျင်တို့က ဆုတောင်းမေတ္တာများ ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)