ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) ဧပြီ  ၁၄

မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ() နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်()ရပ်ကွက်ရှိ ကုမုဒြာ ပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နှစ်သစ်ဆုတောင်း အမှာစကားများပြောကြားခဲ့ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ အမှတ်(၄၃၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး အောင်မြင့်သူ၊ မှော်ဘီခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီးငွေတင်၊ မှော်ဘီခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးဖြိုးဝေစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးခင်စိုးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ယိမ်းအဖွဲ့(၁၁)ဖွဲ့တို့မှ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဂုဏ်ပြုတေး သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကယိမ်းအဖွဲ့များနှင့်အခမ်းအနားသို့ တက်ရောက် လာကြသူများအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များကိုဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် တစ်ခုနှင့်အုန်းလက်ရေကစားမဏ္ဍပ်(၁၂၃)ခုတို့ဖြင့် ပျော်ရွှင်စွာ ရေကစားလျက်ရှိကာ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်တွင်လည်း နေ့စဉ်ယိမ်းအဖွဲ့(၁၁)ဖွဲ့မှကပြဖျော်ဖြေခြင်း၊ တေးဂီဖျော်ဖြေပွဲများ နှင့်စတုဒီသာကျွေးမွေးခြင်းတို့ဖြင့်စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများရှိနေအိမ်များတို့တွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုအေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်းလည်းသိရသည်။ 

ဇင်မင်းထိုက်(ထန်းတပင်)