တိုက်ကြီး ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၉)ရက် ခရစ်သက္ကရာဇ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် - ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြဝင်းမှ ၁၃၈၄ ခုနှစ်၊ တိုက်ကြီးမြို့နယ် မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား နှုတ်ခွန်းဆက်စကားပြောကြားကာ အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေပြီးနောက် ပွဲဉီးအပျိုတော်ယိမ်းဖြင့် ကပြဖျော်ဖြေကာ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပသည်။
ဆက်လက်၍ တိုက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက် / ကျေးရွာများမှ ယိမ်းအဖွဲ့ (၁၄)သင်းတို့က အလှည့်ကျကပြဖျော်ဖြေကာ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် သီဆိုတင်ဆက်ခြင်း၊ စတုဒီသာအလှူကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)