လှိုင်သာယာ (အရှေ့ပိုင်း) ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာသက္ကရဇ် ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃ ခုနှစ်)၊ မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စက်မှုဇုံအတွင်း ကနောင်ခန်းမရှေ့ လှိုင်ပိတောက်မေအတာသင်္ကြန်အကြိုနေ့ ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့ နံနက် ၈ နာရီ၌ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပလျက်ရှိသည်။
အဆိုပါ မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ဖွင့်ပွဲတွင် လှိုင်ပိတောက်မေဗဟိုရေကစားမဏ္ဍပ်ရှိ ပြိုင်ပွဲယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲဝင်များ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တေးသံရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့မှ ကပြဖျော်ဖြေသော အမျိုးသားယိမ်းအကများအဖွဲ့ကို ဂုဏ်ပြုချီးမြင့်ပေးလျက်ရှိသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အမွှေးနံသာရည် အတာရေစင်သွန်းဖြန်း၍ မြန်မာ့နှစ်သစ်ကူးအတာရေ သဘင်ပွဲတော်ကို ဖွင့်လှစ်ကျင်းပပြုလုပ်လျက်ရှိသည်။
ဆက်လက်၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တက်ရောက်လာသူများအား အတာရေဖြင့်ပက်ဖြန်းပေးကာ သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေလျက်ရှိသည်။ ထို့အပြင် သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့မှာလည်း ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ(၁၄)အုပ်စုတို့မှ ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ တပင်တိုင်အကအလှများ၊ တေးဂီတနှင့် စီဒီသီချင်းများ သီဆိုခြင်း၊ အတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာမုန့်များဖြင့် စတုဒိသာများ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်းဖြစ်ကြောင်း သိရသည်။
ခင်ဝင်းမူ(ပြန်/ဆက် )