မိုင်းခတ် ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့တွင် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မိုင်းခတ်မြို့အဝင် မိုင်းခတ်-မိုင်းယန်းလမ်းမကြီးပေါ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး မိုင်းခတ်မြို့ အတာသင်္ကြန်မဏ္ဍပ်ကို စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မိုင်းခတ်မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးစိုင်းအေးမောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာ ယိမ်းအဖွဲ့၊ အခြေခံပညာကျောင်းမှ ယိမ်းအဖွဲ့၊ မြို့ပေါ်ရှိရပ်ကွက် ယိမ်းအဖွဲ့များ၊ ရှမ်း၊ အာခါနှင့် လားဟူတိုင်းရင်းသား ယဉ်ကျေးမှုယိမ်းအဖွဲ့များ၊ ဧည့်သည်တော် ယိမ်းအဖွဲ့များဖြစ်သည့် မိုင်းခတ်တပ်နယ်မှ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မတီဝင်များက အတာသင်္ကြန်ရေများပက်ဖျန်းခဲ့ကြပြီး ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းအကအလှများ၊ ကျိုင်းတုံမှအာခါ အဆိုတော်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်းနှင့်ဇနီး၊ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ပြီး၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများက ရေကစားမဏ္ဍပ်တွင် သင်္ကြန်ရေများအား ပျော်ရွှင်စွာ ရေပက်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)