တကောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေဇာလီစေတီတော်မြတ်အား သင်္ကြန်အကြိုနေ့တွင် ရေသပ္ပါယ်ပူဇော်

တကောင်း ဧပြီ ၁၄

နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း အများပြည်သူများ စိတ်အေးချမ်းစွာဥပုသ်သီလ ဆောက်တည်နိုင်ရန်နှင့် ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများအား ဖူးမြှော်နိုင်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေဇာလီစေတီတော်မြတ်အား ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်အကြိုနေ့တွင် ရေသပ္ပါယ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်နှင့်ဝန်ထမ်းများ၊ နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးဦးမျိုးသူနှင့်တပ်ဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များကစုပေါင်း၍ စေတီတော်မြတ်အနီးဝန်းကျင်ရှိ အမှိုက်များရှင်းလင်းခြင်း၊ မီးသတ်ယာဥ်ဖြင့်ရေသပ္ပါယ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)