မိတ္ထီလာ ဧပြီ ၁၄
မိတ္ထီလာမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးဏ္ဍပ် ယမန်နေ့ ညနေ ၄ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းနှင့် အ.ထ.က(၁) လမ်း အနီးနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃ခုနှစ် မိတ္ထီလာမြို့ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော် ဗဟိုဆုပေးမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် လေကြောင်းအတက်သင်တန် လေတပ်စခန်းဌာနချုပ်မှ ဌာနမှူး ဗိုလ်ချုပ်ဝင်းမောင်သိန်း၊ မိတ္ထီလာအမြောက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇောင်မင်းဦး၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်မှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဇေယျတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်မှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့် ဧည့်သည်တော်များ အား အတာရေပတ်ဖျန်းခဲ့ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဗဟိုဆုပေးမဏ္ဍပ်တွင် ဧပြီလ ၁၄ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ယိမ်းအဖွဲ့များမှ ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေခြင်းများအပြင် ၎င်းဗဟိုဆုပေး မဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး လာရောက်ရေကစားသူများအား ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် စတုဒီသာများ ကျွေးမွေး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)