၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားစည်ကား သိုက်မြိုက်စွာကျင်းပ

ကျိုက်မရော   ဧပြီ   ၁၄

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ  ၄ အချိန်က ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ ဗဟိုမဏ္ဍပ်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက နှစ်သစ်ကူးအမှာစကား ပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး မျိုးကျော်၊ ဦးကိုကိုလွင်နှင့်ရဲမှူး  နော်ခမ်းတို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြသည်။

ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ရပ်ကွက်/ ကျေးရွာများမှ ယိမ်းအက အဖွဲ့၁၂ ဖွဲ့ မှ လှပျိုဖြူလေးများ၊ဘုရားဖူးလာ ဧည့်သည်တော်များ၊ ဒေသခံပြည်သူ များကပျော်ရွှင်စွာ ပါဝင်ယှဥ်နွဲခဲ့ကြပြီးဖွင့်ပွဲကို မန်းတောင်ရိပ်ခို မဟာ သင်္ကြန်တေးသီချင်းဖြင့် စုပေါင်း ကပြဖျော်ဖြေကာ တက်ရောက်လာသူများအား မြို့နယ်ဌာနဆိုင်ရာများကအတာရေများ ပက်ဖြန်း၍  အေးချမ်းပျော်ရွင်စွာရေ ပက်ကစားကာ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့​ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး( ပြန်/ဆက်)