ရသေ့တောင်မြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်

ရသေ့တောင်  ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ရသေ့တောင်မြို့အထက(၂)ကျောင်းရှေ့ဗဟိုမဏ္ဍပ်၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနိုင်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦး၊အဖွဲ့ဝင် ဦးဦးသိန်းမောင်နှင့်RYAအဖွဲ့မှတာဝန်ရှိသူဦး‌ ကျော်မျိုးအောင်တို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားကို  ရခိုင့်မင်္ဂလာစည်တော်အဖွဲ့နှင့်အတူ ရခိုင်ရတုတေးအား  ဦးဦးသာဇံမှ သီဆိုဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနိုင်လင်းထက်မှ  နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ 

ထို့နောက် ရွှေရောင်သက်ြန်သီချင်းအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာတင်မြင့်ဦးမှ သီဆို၍ယိမ်းအဖွဲ့တို့မှ သမီးပျိုလေးများမှကပြ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ရပ်မိရပ်ဖများက တက်ရောက်လာသူများနှင့်ယိမ်းအဖွဲ့များအားအား အမွှေးနံ့သာရေများပက်ဖြန်း၍နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)