လားရှိုး ဧပြီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီပရိ၀ုဏ်အတွင်းရှိ ဆင်းရွှေလီကဇာတ်ရုံတွင် ယမန်နေ့ညနေ(၅)နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကအဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် လားရှိုးမြို့ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များ၏ စုပေါင်းကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒိသာမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ၊ ပြည်သူ့ပန်းခြံတွင်ဆောင်ရွက်ထားရှိသည့် လမ်းလျှောက်သင်္ကြန်အားပါဝင်ဆင်နွဲ့ခဲ့ကြကြောင်း သိ ရသည်။
ခရိုင်(ပြန်/ဆက်)