ချောင်းဆုံမြို့နယ်တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား နှင့် ဧည့်သည်ခေါ် ဘုရားပွဲတော်များ စည်ကားစွာ ကျင်းပ

ချောင်းဆုံ     ဧပြီ       ၁၄

ချောင်းဆုံမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဧပြီ ၁၃ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်က   ချောင်းဆုံအရှေ့ရပ်ကွက် မြို့နယ်လျှပ်စစ်ရုံးရှေ့ ဗဟိုမဏ္ဍပ်တွင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဉက္ကဋ္ဌ) ဉီးဇော်နိုင်ဝင်း နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် လူမှုရေးအသင်းများ ၊ ယိမ်းအက အဖွဲ့များနှင့် ဒေသခံများ  စည်ကားစွာ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဉက္ကဋ္ဌ) က တက်ရောက်လာသူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက်  အခမ်းအနားကို တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး  ယိမ်းအဖွဲ့များ မှ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ (ဉက္ကဋ္ဌ)နှင့် တာဝန်ရှိသူများမှ သပြေခက်ဖြင့် အတာရေပက် ဖျန်းပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် နှစ်သစ်ကူး သင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရိုးရာ အစဉ်အလာများအတိုင်း ကျင်းပလျက်ရှိရာ သင်္ကြန်အကြိုနေ့တွင်မုရစ်ကြီးကျေးရွာ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်ကြသူများနှင့် ရေကစားကြသူများ ဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

မင်းဧက(ချောင်းဆုံ)