အင်းစိန်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

အင်းစိန် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က အင်းစိန်မြို့နယ်ခန်းမရှေ့တွင် ကျင်းပသည်။

ကျင်းပရာတွင် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်နှစ်သစ်ကူး အမှာစကားပြောကြားပြီး အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗဟိုရေကစားမဏ္ဏပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် တာဝန်ရှိသူများက သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တေးသံရှင်များနှင့်ပြည်သူများအား အမွှေးနံ့သာရည်အတာရေစင်များ ပတ်ဖြန်းသည်။

ဆက်လက်၍ အင်းစိန်မြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုခြင်းနှင့် မြန်မာရိုးရာမုန့်များဖြင့် စတုဒိသာများ ဧည့်ခံကျေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)