တောင်ကုတ် ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဆဋ္ဌမအကြိမ်မြောက် ဘုရားရေသပ္ပာယ်ပူဇော်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို ရခိုင်စည်တော်တီးခတ်၍ ဖွင့်လှစ်ပြီးကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များက သဒ္ဓမ္မရောင်ရှိန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် စေတီတော်မြတ်ကြီးအား လကျ်ာရစ်(၃)ပတ်လှည့်လည်ပူဇော်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ပူဇော်ခဲ့ကြပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဘုရားရေသပ္ပာယ်ပူဇော်ခြင်းများကို အလားတူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်