လမ်းမတော် ဧပြီ ၁၄
၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် သင်္ကြန်မင်းသားရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့်(၁၃)လမ်းလမ်းဆုံနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများသာမက ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များကို လာရောက်စောင့်မျှော်အားပေးကြည့်ရှုကြသူများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာအကျွေးအမွေး လှူဒါန်းကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူအသီးသီးတို့က “သင်္ကြန်မင်းသား” ရေကစားမဏ္ဍပ်အား အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များ၏ အကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်