ပင်းတယ ဧပြီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ငှက်ပျောတောရပ်ကွက်၊ ရွှေဥမင်ဘုရားနယ်မြေအတွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီးတင်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးရာဇာငြိမ်းချမ်း၊ အဖွဲ့ဝင်(၃)ဦးကျော်ကျော်ဦးနှင့် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီးတင်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးရာဇာငြိမ်းချမ်း၊ အဖွဲ့ဝင်(၃)ဦးကျော်ကျော်ဦးနှင့် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲ အမှာစကားပြောကြားပေးခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။
ဆက်လက်၍ ဗဟိုမဏ္ဍပ်၌ ဒေသတွင်းအဆိုရှင်များက ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ စတုဒီသာများကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြရာ ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)