ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေး စစ်ဆေး

ဒဂုံမြောက် အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များအား စနစ်တကျ လိုက်နာနိုင်ရေးအတွက် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်သို့ နယ်မြေကျော်လွန် သွားလာခြင်း မရှိစေရေး၊ စစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဒဂုံမြိို့သစ် (မြောက်ပိုင်း) မြို့နယ်အဝင် တောင်မြောက်လမ်းဆုံ၊ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုး ဦးဆောင် ၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့် ကော်မတီမှ ဦးဆောင် ၍ ပူးပေါင်းအဖွဲ့ဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် YBS အမှတ် ၂၊ ၁၂၊ ၁၅၊ ၂၄၊ ၂၉၊  ၃၀၊ ၆၂၊ ၈၇၊ ၈၈၊ ၉၉ ယာဉ်လိုင်းများ မြို့နယ် ဖြတ်ကျော်ပြေးဆွဲလျက်ရှိပြီး Stay At Home ကာလတွင် ယာဉ်စီးရေ လျော့ချ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)