ကွမ်းခြံကုန်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ၁၃၈၄ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယနေ့သင်္ကြန်အကြိုနေ့ နံနက်(၈း၃၀)နာရီအချိန်က ကွမ်းခြံကုန်းမြို့နယ်    ဇာတိမာန်ခန်းမရှေ့ရှိမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ ကွမ်းခြံကုန်းမြို့နယ်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်းနှင့်ရဲမှူးသန်းလွင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းတေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့်  အတာရေများ  လိုက်လံပက်ဖြန်း၍  စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။